Warmly Welcome Everyone!

A Warm Welcome to Everyone! All of you are cordially invited to come and visit my blog-spot at http://monbuddhistandworldwide.blogspot.com. I look forward to your comments and hope that you can give me some heart-warming advice. May you all be well and happy! Thanks a million. Nai-Pune

Thursday, July 5, 2012

မိုးကြိုး ၉-မျိုး

မိုးကြိုး ၉-မျိုး ဟူသည်မှာ မိုးကြိုး ပစ်ခြင်းမျိုး ၉-မျိုးကိုပင် ဆိုသည်။
သုတ်မဟာဝါ အဋ္ဌကထာ မဟာပရိနိဗ္ဗာနသုတ် အဖွင့်၌
(၁) အသံမမြည်ဘဲ ကျသော မိုးကြိုး
(၂) ပုဆိန် ပဲကွပ်များကဲ့သို့ အသွားတဖက်သာရှိသော မိုးကြိုး
(၃) ရယ်သကဲ့သို့ကျသော လျှပ်စစ်မိုးကြိုး
(၄) ဂျက်ဂျက်မြည်လျက် ကျသော မိုးကြိုး
(၅) မျောက်မျက်နှာ မျှော်သကဲ့သို့ ကျသော မိုးကြိုး
(၆) ငါးမြူးသကဲ့သို့ ကျသော မိုးကြိုး
(၇) ကြက်တောင်ဖြန့်သကဲ့သို့ ကျသော မိုးကြိုး
(၈) ထွန်တုံးကဲ့သို့ ကျသော မိုးကြိုး
(၉) မိုးပင်ရွာသော်လည်း အလျှံနှင့်တကွဖြစ်၍ ရေမစွက်သော လောင်မီးမိုးကြိုး။
ဟူ၍ ပြဆိုထားသည်။ 


မိုးကြိုးအနီးတွင် ကျသော်လည်း မထိတ်လန့် မကြောက်ရွံ့တတ်သော အာဇာနည်များမှာ---
(၁) သီဟ=ခြင်္သေ့ အာဇာနည်မျိုး
(၂) ဟတ္ထိဇာနေယျ=ဆင်အာဇာနည်မျိုး
(၃) အဿာဇာနေယျ=မြင်းအာဇာနည်မျိုး
(၄) ဥသဘာဇာနေယျ=နွားလားအာဇာနည်မျိုး
(၅) ပုရိသာဇာနေယျ=ယောက်ျားအာဇာနည်မျိုး
(၆) ခီဏာသ၀=ရဟန္တာပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။

No comments:

Post a Comment