Warmly Welcome Everyone!
A Warm Welcome to Everyone! All of you are cordially invited to come and visit my blog-spot at http://monbuddhistandworldwide.blogspot.com. I look forward to your comments and hope that you can give me some heart-warming advice. May you all be well and happy! Thanks a million. Nai-Pune
Wednesday, May 23, 2012
ဘုရားဂုဏ်တော်ကိုးပါးနှင့် ဂုဏ်တော်ကွန်ချာ
          ဘုရားဂုဏ်တော်ကိုးပါး
အရဟံ
ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။
လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းနှင့်တကွ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
သမ္မာသမ္ဗုဒ္ဓေါ
သိစရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ်ရော၊ အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား)
သုဂတော -
ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား။
(မှန်ကန်၍ အကျိုးရှိသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား။)
ကောင်းသောနိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။
လောက၀ိဒူ
လောကသုံးပါးကို သိတော်မူသောမြတ်စွာဘုရား။
(သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား။)
အနုတ္တရော ပုရိသဒမ္မသာရထိ -
ဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
သတ္ထာဒေ၀မနုဿာနံ
နတ် လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
(နတ်လူတို့အား ကောင်းရာကောင်းကြောင်း ညွန်ပြတော်မူသော မြတ်စွာဘုရား)
ဗုဒ္ဓေါ
သစ္စာလေးပါးကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင် ဟောတော်မူသော မြတ်စွာဘုရား။
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မူ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား)
ဘဂ၀ါ -      
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(ဘုန်းတော် အနန္တ၊ ကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊တန်းခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသောမြတ်စွာဘုရား)
        ဂုဏ်တော်ကွန်ချာ
၁။   သော ဘဂ၀ါ ဣတိပိ အရဟံ
အရဟံ ၀တ သော ဘဂ၀ါ
အရဟနံ္တသရဏံ ဂစ္ဆာမိ
အရဟနံ္တ သိရသာ နမာမိ
ပထမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ အရဟံ။
၂။   သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိယော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။
၃။   သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ
တတိယော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော ။
၎။   သော ဘဂ၀ါ ဣတိပိ သုဂတော
သုဂတော ၀တ သော ဘဂ၀ါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သုဂတော ။
၅။   သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ
လောက၀ိဒူ ၀တ သော ဘဂ၀ါ
လောက၀ိဒုံ သရဏံ ဂစ္ဆာမိ
လောက၀ိဒုံ သိရသာ နမာမိ
ပဉ္စမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ ။
၆။   သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ
အနုတ္တရောပုရိသဒမ္မသာရထိ ၀တ သော ဘဂ၀ါ
အနုတ္တရံ ပုရိသဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသဒမ္မသာရထိံ သိရသာ နမာမိ
ဆဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ ။
၇။   သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ
သတ္ထာဒေ၀မနုဿာနံ ၀တ သော ဘဂ၀ါ
သတ္ထာရံဒေ၀ မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထာရံဒေ၀ မနုဿာနံ သိရသာ နမာမိ
သတ္တမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ ။
၈။   သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
အဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ ။
၉။   သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ
ဘဂ၀ါ ၀တ သော ဘဂ၀ါ
ဘဂ၀နံ္တ သရဏံ ဂစ္ဆာမိ
ဘဂ၀နံ္တ သိရသာ နမာမိ
န၀မော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ ဘဂ၀ါ ။
၁၀။ သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ
လောက၀ိဒူ ၀တ သော ဘဂ၀ါ
လောက၀ိဒုံ သရဏံ ဂစ္ဆာမိ
လောက၀ိဒုံ သိရသာ နမာမိ
ပဉ္စမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ ။
၁၁။ သော ဘဂ၀ါ ဣတိပိ သုဂတော
သုဂတော ၀တ သော ဘဂ၀ါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သုဂတော ။
၁၂။ သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ
အနုတ္တရောပုရိသဒမ္မသာရထိ ၀တ သော ဘဂ၀ါ
အနုတ္တရံ ပုရိသဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသဒမ္မသာရထိံ သိရသာ နမာမိ
ဆဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ ။
၁၃။ သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ
တတိယော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော ။
၁၄။ သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ
သတ္ထာဒေ၀မနုဿာနံ ၀တ သော ဘဂ၀ါ
သတ္ထာရံဒေ၀ မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထာရံဒေ၀ မနုဿာနံ သိရသာ နမာမိ
သတ္တမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ ။
၁၅။ သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိယော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။
၁၆။ သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
အဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ ။
၁၇။ သော ဘဂ၀ါ ဣတိပိ အရဟံ
အရဟံ ၀တ သော ဘဂ၀ါ
အရဟနံ္တသရဏံ ဂစ္ဆာမိ
အရဟနံ္တ သိရသာ နမာမိ
ပထမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ အရဟံ။
၁၈။ သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ
ဘဂ၀ါ ၀တ သော ဘဂ၀ါ
ဘဂ၀နံ္တ သရဏံ ဂစ္ဆာမိ
ဘဂ၀နံ္တ သိရသာ နမာမိ
န၀မော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ ဘဂ၀ါ ။
ယောက်ျားမြတ် လက္ခဏာ ၃၂-ပါး
by Buddha In My Life on Sunday, July 24, 2011 at 9:02pm ·
ဗြဟ္မာယုသုတ်...မှ..
ဂေါတမမြတ်စွာဘုရားသည်
သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် လက္ခဏာတို့နှင့်လည်း ပြည့်စုံပါ၏။
အသျှင် ဂေါတမ၏ ကျော်စောသတင်းသည် အမှန်အတိုင်း ပျံ့နှံ့၍ ထွက်ပါ၏၊
အမှန်အတိုင်း မဟုတ်ဘဲ ပျံ့နှံ့၍ ထွက်သည် မဟုတ်ပါ၊
ထိုအသျှင် ဂေါတမသည် ကျော်စောသည့် အတိုင်းပင် မှန်ပါ၏၊
မမှန်သည် မဟုတ်ပါ။
ထိုအသျှင်ဂေါတမသည် အညီအညွတ် ကောင်းစွာ ထိသော ခြေဖ၀ါးရှိ၏။ ဤအညီအညွတ် ကောင်းစွာ ထိသော ခြေဖ၀ါး ရှိခြင်းသည်လည်း ထိုအသျှင်ဂေါတမ၏ မဟာပုရိသလက္ခဏာ ဖြစ်၏။ (၁)
ထိုအသျှင်ဂေါတမ၏ အောက်ခြေဖ၀ါးပြင်တို့၌ အကန့် တစ်ထောင် အကွပ်ပုံ တောင်းတို့နှင့် တကွသော အလုံးစုံသော အခြင်းအရာနှင့် ပြည့်စုံသော စက်တို့သည် ဖြစ်ကုန်၏။ (၂)
ထိုအသျှင်ဂေါတမသည် ရှည်သော ဖနောင့်ရှိ၏။ (၃)
ထိုအသျှင်ဂေါတမသည် ရှည်သော လက်ချောင်း ခြေချောင်း ရှိ၏။ (၄)
ထိုအသျှင်ဂေါတမသည် နူးညံ့ သိမ်မွေ့သော လက်ဖ၀ါး ခြေဖ၀ါး ရှိ၏။ (၅)
ထိုအသျှင်ဂေါတမသည် လေသွန်တံခါး၌ စီထားသော ရွှေပွတ်လုံး ကဲ့သို့ ညီညွတ်သော လက်ခြေရှိ၏။ (၆)
ထိုအသျှင်ဂေါတမသည် (ဖမိုးမှသည် လေးသစ်တက်၍ အထက်၌ တည်သော) မြင့်သော ဖမျက်ရှိ၏။ (၇)
ထိုအသျှင်ဂေါတမသည် ဧဏီသား၏ မြင်းခေါင်းနှင့် တူသော ပြည့်ဖြိုးသော မြင်းခေါင်းရှိ၏။ (၈)
ထိုအသျှင်ဂေါတမသည် ရပ်လျက် သာလျှင် မကိုင်းညွတ်ဘဲ နှစ်ဖက်သော လက်ဝါး အပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ် ဆုပ်နယ်နိုင်၏။ (၉)
ထိုအသျှင်ဂေါတမသည် အအိမ်ဖြင့် ဖုံးလွှမ်းသော အင်္ဂါဇာတ် ရှိ၏။ (၁၀)
ထိုအသျှင်ဂေါတမသည် ရွှေစင်(ရုပ်)နှင့်တူသောအဆင်းရှိ၏၊ ရွှေအဆင်းနှင့် တူသောအရေရှိ၏။(၁၁)
ထိုအသျှင်ဂေါတမသည် သိမ်မွေ့သော အရေရှိ၏၊ အရေ သိမ်မွေ့သောကြောင့် ကိုယ်၌ မြူ အညစ်အကြေး မလိမ်းကျံ မကပ်ငြိ။ (၁၂)
ထိုအသျှင်ဂေါတမသည် (မွေးညင်းပေါက်တို့၌) တစ်ချောင်းစီ တစ်ချောင်းစီ ပေါက်သော မွေးညှင်းရှိ၏၊ မွေးညင်းပေါက် တစ်ခုတစ်ခု၌ တစ်ချောင်း တစ်ချောင်းစီသော မွေးညင်း ရှိကုန်၏။ (၁၃)
ထိုအသျှင်ဂေါတမသည် အထက်သို့ ကော့တက်သော မွေးညင်းရှိ၏၊ အထက်သို့ ကော့တက်ကုန်သော မွေးညင်းတို့သည် ညိုကုန်၏၊ မျက်စဉ်းညို အဆင်း ရှိကုန်၏၊ ရစ်ပတ်၍ လည်ကုန်၏၊ လက်ျာရစ်လည်၍ တည်ကုန်၏၊ (၁၄)
ထိုအသျှင်ဂေါတမသည် ဗြဟ္မာ့ကိုယ်နှင့်တူသော ဖြောင့်မတ်သောကိုယ်ရှိ၏။(၁၅)
ထိုအသျှင်ဂေါတမသည် အရပ် ခုနစ်ပါး၌ ပြည့်ဖြိုးသော အသားရှိ၏။ (၁၆)
ထိုအသျှင်ဂေါတမသည် (ကေသရာ) ခြင်္သေ့မင်း၏ ရှေ့ထက်ဝက် ကိုယ်နှင့် တူသော ကိုယ်ရှိ၏။(၁၇)
ထိုအသျှင်ဂေါတမသည် ပခုံးစွန်းနှစ်ဖက်အတွင်း၌ ပြည့်ဖြိုးသောအသားရှိ၏။(၁၈)
ထိုအသျှင်ဂေါတမသည် ပညောင်ပင် အ၀န်းကဲ့သို့ ၀န်းသော ကိုယ်ရှိ၏၊ ထိုအသျှင်ဂေါတမ၏ ကိုယ်သည် အရပ် ရှိသလောက် အလံရှိ၏၊
အလံ ရှိသလောက် အရပ်ရှိ၏။ (၁၉)
ထိုအသျှင်ဂေါတမသည် ညီညွတ်စွာ လုံးသော လည်ရှိ၏။ (၂၀)
ထိုအသျှင်ဂေါတမသည် အရသာကို ဆောင်နိုင်သော အကြောရှိ၏။ (၂၁)
ထိုအသျှင်ဂေါတမသည် (ကေသရာ) ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးရှိ၏။ (၂၂)
ထိုအသျှင်ဂေါတမသည် သွားလေးဆယ် ရှိ၏။ (၂၃)
ထိုအသျှင်ဂေါတမသည် ညီညွတ်သော သွားရှိ၏။ (၂၄)
ထိုအသျှင်ဂေါတမသည် မကျဲသော သွားရှိ၏။ (၂၅)
ထိုအသျှင်ဂေါတမသည် အလွန် ဖြူစင်သော အစွယ် လေးချောင်း ရှိ၏။ (၂၆)
ထိုအသျှင်ဂေါတမသည် ရှည်ပြန့်သော လျှာရှိ၏။ (၂၇)
ထိုအသျှင်ဂေါတမသည် ဗြဟ္မာ၏ အသံနှင့်တူသော အသံရှိ၏၊
ကရ၀ိက်ငှက် အသံနှင့် တူသောအသံ ရှိ၏။ (၂၈)
ထိုအသျှင်ဂေါတမသည် အလွန် ညိုသော မျက်လုံးရှိ၏။ (၂၉)
ထိုအသျှင်ဂေါတမသည် နွားငယ်ကလေး၏ မျက်မှောင်နှင့် တူသော မျက်မှောင်ရှိ၏။ (၃၀)
ထိုအသျှင်ဂေါတမ၏ (ဥဏ္ဏလုံ) မွေးရှင်သည် မျက်မှောင် နှစ်ဖက်အကြား၌ ပေါက်၏၊ ဖြူစင် နူးညံ့သော လဲဝါဂွမ်းနှင့် တူ၏။ (၃၁)
ထိုအသျှင်ဂေါတမသည် သင်းကျစ်ပြားရစ် သကဲ့သို့ ဦးခေါင်း ရှိ၏၊ ဤသင်းကျစ်ပြား ရစ်သကဲ့သို့ ဦးခေါင်း ရှိခြင်းသည်လည်း ထိုအသျှင်ဂေါတမ၏ မဟာပုရိသလက္ခဏာတည်း။ (၃၂)
ထိုအသျှင်ဂေါတမသည် ဤသုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် လက္ခဏာတို့နှင့် ပြည့်စုံပါ၏။
ဗြဟ္မာယုသုတ်...မှ..
ဗြဟ္မာယုသုတ်၊ ဗြဟ္မဏ၀ဂ်၊ မဇ္ဇျိမပဏ္ဏာသ။
PDF Print E-mail
(၁) သုပ္ပတိဋ္ဌိတပါဒတာ လက္ခဏာတော် -ကောင်းစွာတည်ရှိသောခြေတော်ရှိခြင်း၊
(၂) စက္ကေနင်္ကီတပါဒတာ လက္ခဏာတော် -အမှတ်တံဆိပ်ခပ်နှိပ်အပ်သောခြေတော်ရှိခြင်း၊
(၃) ဒီဃပဏှိတာ လက္ခဏာတော် -ရှည်သောဖနောင့်တော်ရှိခြင်း၊
(၄) အာယတင်္ဂုလိတာ လက္ခဏာတော် -ရှည်သွယ်သော လက်ချောင်းတော်ရှိခြင်း၊
(၅) ဗြဟ္မုဇုဂတ္တတာ လက္ခဏာတော် -ဗြဟ္မာမင်းလို ဖြောင့်မတ်သော ကိုယ်တော်ရှိခြင်း၊
(၆) သတ္တုဿဒတာ လက္ခဏာတော် -လက်ဖမိုးတော် ၂-ဘက်၊ ခြေဖမိုးတော် ၂-ဘက် ပခုံးတော် ၂-ဘက် လည်ကုတ်တော်အားဖြင့် ၇-ပါးသောအရပ် တို့၌ ပြည့်ဖြိုးသောအသားတော်ရှိခြင်း၊
(၇) မုဒုတလုဏဟတ္တပါဒတာလက္ခဏာတော် -ပျိုသော နုညံ့သောလက်တော်ခြေတော်ရှိခြင်း၊
(၈) ဇာလဟတ္ထပါဒတာ လက္ခဏာတော် -ဇာကွန်ယက်ပမာ ညီစွာတည်သော လက်ချောင်းခြေချောင်း တော်ရှိခြင်း၊
(၉) ဥဿင်္ခပါဒတာ လက္ခဏာတော် -အောက်သို့မသက် အထက်တက်သည့် ဖမျက်အနေခြေတော်ရှိခြင်း၊
(၁၀) ဥဒ္ဓဂ္ဂလောမတာ လက္ခဏာတော် -ရှေ့မျက်နှာတော်ဖူးမျှော်လိုဘိ မော်၍ကြည့်သို့ အဖျားလှည့်မော် မွေးညှင်းတော်ရှိခြင်း၊
(၁၁) ဧဏီဇင်္ဃတာ လက္ခဏာတော် -ဧဏီမည်သောသားကောင်၏ သလုံးအသွင် အစဉ်အဆက် လုံး၍ တက်သောခြေသလုံးတော်ရှိခြင်း၊
(၁၂) သုခုမစ္ဆ၀ိတာလက္ခဏာတော် -နုညံ့သိမ်မွေ့သောအသားအရေတော်ရှိခြင်း၊
(၁၃) သုဝဏ္ဏ၀ဏ္ဏတာလက္ခဏာတော် -၀င်းဝါသောအသားအရေရှိတော်မူခြင်း၊
(၁၄) ကောသောဟိတ၀တ္ထဂုယှတာလက္ခဏာတော် -ဥသဘနွား မြတ်အင်္ဂါဇာတ်သို့ အအိမ်ဖြင့်ဖုံးအပ်သော အင်္ဂါဇာတ်တော်ရှိခြင်း၊
(၁၅) နိဂြောဓပရိမဏ္ဍလ လက္ခဏာတော် -၀ိုင်းဝန်းသော ပင်ညောင်ပင်ကဲ့သို့ ကိုယ်တော်နှင့်အလံ လျော်ကန်ညီညီ ၀န်းဝိုင်းတော်မူခြင်း၊
(၁၆) ဇာဏုပရာမသနလက္ခဏာတော် -ဒူးတော်ကို သုံးသပ်ကိုင်လိုတော်မူလျှင် မတ်မတ်ရပ်တော်မူလျက် ပုဆစ်ဒူးဝန်း ၂-ဖက်တို့ကို လက်တော် ၂-ဖက်ဖြင့်ထိအောင်သုံးသပ်တော်မူနိုင်ခြင်း၊
(၁၇) ၀တ္တက္ခန္ဓတာ လက္ခဏာတော်ကြီး -ရွှေမုရိုးစည်ကဲ့သို့ အညီပတ်ဝင်း လုံးသောလည်ပင်းတော်ရှိခြင်း၊
(၁၈) စိတန္တရတာ လက္ခဏာတော် -ရွှေမုရိုးစည်ကဲ့သို့ အညီပတ်ဝင်း လုံးသောလည်ပင်းတော်ရှိခြင်း၊
(၁၉) သီဟဗုဗ္ဗဒ္ဓကာယတာ လက္ခဏာတော် -ခြင်္သေ့မင်း၏ရှေ့ထက်ဝက်ကိုယ်ကဲ့သို့ အထက်အောက်နှစ်ဌာန၌ ပြည့်ဝသော ကိုယ်တော်ရှိခြင်း၊
(၂၀) ရသဂသဂ္ဂိတလက္ခဏာတော် -အရသာကိုဆောင် ယူနိုင်သောအကြောတို့တွင် အမြတ်ဆုံးဖြစ်သော ခုနစ်ထောင်သောအကြောတော်ရှိခြင်း၊
(၂၁) အဘိနီလနေတ္တတာ လက္ခဏာတော် -မျက်လုံးတော်သည် ညိုသင့်ရာ အရပ်ဝယ် အောက်မဲညိုပန်း နှမ်းကြတ်ပန်း အသွေးကဲ့သို့ညိုသော မျက်လုံးတော်လည်း ရှိတော်မူခြင်း၊
(၂၂) ဂေါပခုမတာ လက္ခဏာတော် -မွေးစအရွယ် နွားနီငယ်၏ တင့်တယ်ကြည်အေးမျက်လုံး
ကလေး သို့ မျက်မွေးစီရရီ အလွန်ကြည်သော မျက်လုံးတော်ရှိခြင်း၊
(၂၃) ဥဏှီသသီသတာလက္ခဏာတော် -သင်းကျစ်အပြား ဖွဲ့ပတ်ထားသို့ သီးခြားဆန်းထူး မဟာနဖူးကြောင့် ဖူးရ ရွှင်ပျော် လုံးသောဦးခေါင်းတော်ရှိခြင်း၊
(၂၄) ဧကေကလောမတာ လက္ခဏာတော် -မွေးတွင်း တစ်တွင်းလျှင် တစ်ပင်စီ သောအမွေးတော်ရှိခြင်း၊
(၂၅) ဥဏ္ဏလောမတာ လက္ခဏာတော် -မျက်ခုံးတော် ၂-ပါးအလယ်ကြား၌ ထူးခြား ပေါ်လွင် အလွန်ဖြူစင် သောမွေးတော်ရှင်ရှိခြင်း၊
(၂၆) သမစတ္တာလီသဒန္တတာ လက္ခဏာတော် -အမျှ လေးဆယ် လွန်တင့်တယ်သော သွားတော်ရှိခြင်း၊
(၂၇) အ၀ိရုဠတာ လက္ခဏာတော် -ရွှေပြားအပြင် ၀ရဇိန်တင်သို့ အစဉ်မကွဲ မကျဲသော သွားတော်ရှိခြင်း၊
(၂၈) ပဟူတဇိဝှတာ လက္ခဏာတော် -ရှည်လျား နုနယ် ကျယ်ပြန့်သော လျှာတော် ရှိခြင်း၊
(၂၉) ဗြဟ္မဿရတာ လက္ခဏာတော် -ဗြဟ္မာမင်း၏ အသံကဲ့သို့ သာယာနာပျော် အသံတော်ရှိသည်ကောင်း၊ အာဒေယျဝစနောစ- အများကြည်ဖြူ နာယူဖွယ် စကားတော်ရှိခြင်း၊
(၃၀) သီဟ ဟနုတာ လက္ခဏာတော် -ခြင်္သေ့မင်း၏ အောက်မေးအလား ထက်အောက်အားဖြင့် ၂-ပါးထင်ပေါ် ပြည့်ဝသော မေးတော်ရှိခြင်း၊
(၃၁) သမဒန္တတာ လက္ခဏတော် -၀ရဇိန်များ စီ၍ထားသို့ ထက်ဖျား စီရရီ ညီသော သွားတော်ရှိခြင်း၊
(၃၂) သသုက္ကဒါဌတာ လက္ခဏာတော် -သောကြာကြယ်ဝန်း ထွန်းသည့်အသွင် အလွန်ဖြူစင်သောစွယ်တော် ရှိခြင်း၊
အရှင်နယကာလင်္ကာရ