MAIN PAGES

Sunday, May 27, 2012

သင်-ချအကျိုး စာတန်ခိုး

စာချ စာသင်၊ အလုပ်ခွင်ဝယ်၊
နေ့စဉ်မွေ့လျော်၊ များသူတော်တို့၊
ရွင်ပျော်လုံ့လ၊ သဒ္ဓါကြွ၍၊
ဉာဏစင်ဖြူ၊ သင်ချမူကား-
ထိုသူစီးပွား၊ သုတများလျက်၊
စဉ်းစားဉာဏ်ကြွယ်၊ အမြင်ကျယ်၏။
မကွယ်စေကာ၊ ကိလေသာလည်း၊
သူငါယုတ်ကြမ်း၊ ဖြစ်စတမ်းတို့၊
ဗရမ်းဗတာ၊ မဖြစ်လာဘဲ၊
ဣဿာ မစ္ဆေရ၊ မထကြွဘူး။
ရာဂ ဒေါသော၊ မာန-မောတို့၊
အပြောမကျယ်၊ သေးငယ်ငယ်မှ၊
စ၍ပဟာန်၊ တဒင်္ဂန်နှင့်၊
ဝိက္ခမ္ဘန ပယ်နိုင်ကြသည်၊
သင်-ချအကျိုး၊ စာတန်ခိုး…။

(တောင်မြို့  မဟာဂန္ဓာရုံဆရာတော်)

No comments:

Post a Comment