Warmly Welcome Everyone!

A Warm Welcome to Everyone! All of you are cordially invited to come and visit my blog-spot at http://monbuddhistandworldwide.blogspot.com. I look forward to your comments and hope that you can give me some heart-warming advice. May you all be well and happy! Thanks a million. Nai-Pune

Monday, July 30, 2012


" သူယုတ်မာအား ချစ်ခြင်း၊
သူတော်ကောင်းအား မနှစ်သက်ခြင်း၊
သူယုတ်မာတို့၏တရား၌ နှစ်လိုခြင်း၊
ဤသည်တို့ကား ပျက်စီးမည့်အကြောင်း
တည်း။ "

လောကနီတိ ( သုဇနကဏ္ဍ )

" Loving the unvirtuous.
Disliking the virtuous.
Delighting the ways of the
unvirtuous,
These are the causes of ruin. "
- Loka Niti ( The Good Man )
 
 
 

" သစ်ပင်၏ အရိပ်သည် အေးချမ်း၏။
ထိုထက် ဆွေးမျိုးမိဘအရိပ်ကာ ပို၍
အေးချမ်း၏။
ထိုထက်ဆရာသမားအရိပ်က ပို၍
အေးချမ်း၏။
ထို့ထက် မြတ်ဗုဒ္ဓအရိပ်က အဆများစွာ
သာလွန်အေးချမ်း၏။

- လောကနီတိ (သုဇနကဏ္ဍ)

The refuge of the three is cool.
Even more is the refuge of parents
and relatives.
Even more is the refuge of the
teacher.
Far more is the refuge of Buddha.

- Loka Niti ( The Good Man )
 

Thursday, July 26, 2012

< မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး၏ဆုံးမစကား >

* ဒီတိုင်းပြည်ခို ၊ ဒီရေကိုသောက်၊
ဒီမြေအောက်က ကူထောက်စီးပွား
ထုပ်ယူစားပြီး ၊ ပြည်ဖွားအိမ်ရှင်၊
ရန်သူထင်၊ အသင်မှားနေပြီ။
* အိမ်ရှင်ရိုကျိုး၊ အိမ်ရှင်ရှင်ကိုးသော၊
မျိုးရိုးဘာသာ၊ သာသနာကို၊
ခြေရာနင်းလျက် ၊အတင်းဖျက်၊
ရက်စက်လွန်းနေပြီ။
* အိမ်ရှင်ကဖွား၊သမီးသားကို၊
ဇနီးအဖြစ်၊လင်အဖြစ်ဖြင့်၊
အနှစ်ကိုနှုတ်၊ အညစ်မြှပ်လျက်၊
မွေးထုတ်ကလေး ၊စပ်တူသွေးတွင်၊
အရေးချက်ချာ၊ မျိုးဘာသာအား၊
လုယူထား ၊စော်ကားလွန်းနေပြီ။
* သင့်အိမ်ခိုလျက် ၊သင့်ကိုဖျက်၊
သင်လက်ခံမည်လော.............
သမီးပျော်ပါး ၊သားပျော်ပါး
စော်ကားခံမည်လော...


Monday, July 23, 2012

E-mail
အဘိဓမ္မာ အကျဉ်းချုပ်

မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာ သက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့တွင် မိခင် မာယာဒေ၀ီမှ ဖွားမြင်တော်မူခဲ့ပါသည်။ အသက် (၂၉)နှစ်အရွယ်တွင် နန်းစည်းစိမ်နှင့်တကွ အားလုံး ကို စွန့်လွှတ်ကာ ဥရုဝေလ တောသို့ဝင်ခဲ့ပါသည်။ ဥရုဝေလတောတွင် ပင်ပန်း ဆင်းရဲ လှသော ဒုက္ကရ စရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ ပါသည်။ နောင်တွင် ထိုအကျင့် များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဟူသော မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံး တော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ ပါသည်။ ဘုရားဖြစ်ပြီးနောက် - သတ္တမ ၀ါကို တာဝတိံသာ နတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို အမှူး ထားကာ တာဝတိံတာနတ်ပြည်ရှိ ပင်လယ် ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာ ထက်တွင် အဘိဓမ္မာ ဒေသနာ တော်ကို ရက်ပေါင်း (၉၀) ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူ ပါသည်။ အဘိဓမ္မာတရား ဒေသနာ တော်ကို နည်း (၃) နည်း ဖြင့် ဟောကြား ခဲ့ပါသည်။

အကျယ်နည်း - ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့ နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အဘိဓမ္မာ ဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့် အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်း ဖြစ်ပါသည်။

အကျဉ်းနည်း - မြတ်စွာဘုရားသည် လူသား ဖြစ်တော် မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုး သန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော် မူခိုက် မြတ်စွာဘုရားက ရှင် သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ် နည်းဖြင့် ဟောတော်မူပါသည်။

မကျဉ်းမကျယ်နည်း - အရှင်သာရိပုတ္တရာက မြတ်စွာ ဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်း ငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော် မူပါသည်။ နောက်တနေ့တွင် အရှင် သာရိပုတ္တရာက တပည့်ရဟန်း ငါးရားကို ဟောကြားသော အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံကာ အတည်ပြုချက် ယူတော်မူ ခဲ့ပါသည်။

ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါ မြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့် ကျော်(၁) ရက် မှ သီတင်းကျွတ်လပြည့် နေ့အထိ (၃)လ အတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင် သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿ နဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော် လာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သော အားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသော အစဉ် အလာသည် ရှေးဘိုးဘေများ လက်ထက်ကပင် ရှိခဲ့ ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော် ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော် မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်း တော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။

အဘိဓမ္မာတရားတော်ကို တစ်နေရာတည်း၌ တစ်ဆက် တည်း ဟောကြားသော တရားရှည်ကြီး တစ်ပုဒ် ဖြစ်သော်လည်း ဟောပုံဟောနည်းအမျိုးမျိုးကို သုံး၍ ဟောကြားထားသဖြင့် ဟောနည်းအရ ကျမ်းခုနှစ်ကျမ်း ခွဲခြားထားပါသည်။
အဘိဓမ္မာပါဠိတော် ၇-ကျမ်း
ဓမ္မသင်္ဂဏီ, ၀ိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်, ပဋ္ဌာန်း

အဘိဓမ္မာသင်္ဂြိုဟ်ကျမ်း
ထိုသို့ ကျယ်ဝန်းလှသော အဘိဓမ္မာပိဋက၏ အနှစ် သာရကို ထုတ်နှုတ်၍ အဘိဓမ္မာ၏ သဘောသရုပ်ကိုရဟန်း ရှင် လူအပေါင်းတို့ အလွယ်တကူ လေ့လာ ဆည်းပူးနိုင်ရန်အလို့ငှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကဉ္စိပူရအရပ်တွင် သီတင်းသုံးတော်မူခဲ့ဖူးသော အရှင် အနုရုဒ္ဓါမထေရ်က သီဟိုဠ်ကျွန်းဝယ် သီတင်းသုံးခိုက် အဘိဓမ္မတ္ထသင်္ဂဟ အမည်ရှိသော အဘိဓ္မာအဖွင့် ကျမ်းတစ်စောင်ကို ပြုစုတော်မူခဲ့ပါသည်။
(အဘိဓမ္မတ္ထသင်္ဂဟ = အဘိဓမ္မ + အတ္ထ + သံ + ဂဟ = အဘိဓမ္မာဒေသနာတော်၏ + အနက် အဓိပ္ပါယ် အကျယ် များကို + အကျဉ်းချုံး၍ + ယူရာဖြစ်သောကျမ်း။ သင်္ဂဟ ကို သက္ကတဘာသာဖြင့် သံဂြဟ ဟု ရေး၏။ မြန်မာတို့က သင်္ဂြိုဟ် ဟု ဝေါဟာရပြုလိုက်ပါသည်။ အကျဉ်းချုံး၍ အနှစ်ထုတ်ယူခြင်း ဟု အဓိပ္ပာယ်ရပါသည်။)

ထိုကျမ်းငယ်လေးအား သင်္ဂြိုဟ် ၉-ပိုင်းခေါ် အောက်ပါ အခန်း ၉-ခန်းဖြင့် ဖွဲ့စည်းထားပါသည်။

၁။ စိတ်ပိုင်း- စိတ် အကျဉ်း ၈၉-ပါး၊ အကျယ် ၁၂၁-ပါးကို ပြသော အခန်း
၂။ စေတသိက်ပိုင်း - စေတသိက် ၅၂-ပါးနှင့် စိတ်-စေတသိက်တို့ယှဉ်ပုံပြသော အခန်း
၃။ ပကိဏ်းပိုင်း - စိတ်, စေတသိက်တို့ကို ဝေဒနာ, ဟိတ်, ကိစ္စ, ဒွါရ, အာရုံ, ၀တ္ထုအားဖြင့် အထွေထွေ အလီလီ ခွဲခြားဝေဖန်ပြသော အခန်း
၎။ ၀ီထိပိုင်း - ဒွါရခြောက်ပါးတွင် ၀ီထိ ခေါ် သိစိတ် အစဉ်တို့ဖြစ်ပေါ်ပုံ စိတ္တနိယာမကို ပြသောအခန်း
၅။ ၀ီထိမုတ်ပိုင်း – ရှေ့အခန်းတွင်ပြခဲ့သော ၀ီထိတို့မှ လွတ်နေသော ဘ၀င်, စုတိ, ပဋိသန္ဓေအခိုက်တို့၌ စိတ်အစဉ်ဖြစ်ပုံ ပြသော အခန်း
၆။ ရုပ်ပိုင်း - ရုပ် ၂၈-ပါး၊ ရုပ်ဖြစ်ပုံ၊ ရုပ်အစဉ်နှင့် နိဗ္ဗာန်အကြောင်းတို့ကို ဖော်ပြသော အခန်း
၇။ သမုတ်စည်းပိုင်း - စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်တို့အား အဘိဓမ္မာကျမ်းကြီးများတွင်ကဲ့သို့ ခန္ဓာ, အာယတန, ဓာတ်စသဖြင့် အုပ်စုဖွဲ့စည်းပြသော အခန်း
၈။ ပစ္စည်းပိုင်း - အကြောင်းအကျိုးဆက်နွယ်ပုံတို့ကို ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်းဖြင့် ပြသော အခန်း
၉။ ကမ္မဋ္ဌာန်းပိုင်း - သမထ, ၀ိပဿနာကမ္မဋ္ဌာန်းတို့ကို ပြသော အခန်း

အဘိဓမ္မာပါဠိတော်၊ အဋ္ဌကထာကြီးများအား မလေ့လာမီ၊ အဘိဓမ္မာ အခြေခံရစေရန် သင်္ဂြိုဟ်ကို လေ့လာ ကြရ သည်။ သင်္ဂြိုဟ်ကျမ်းတွင် “အဘိဓမ္မာတွင် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်” ဟူသော ပရမတ္ထအပြား လေးပါးရှိသည်” စသဖြင့် အကျဉ်းအားဖြင့် ခြုံငုံ ဖော်ပြ သဖြင့် စတင်လေ့လာ သူတို့အတွက် လွယ်ကူစေသည်။ ထို့ကြောင့် သင်္ဂြိုဟ် ကျမ်းအား “အဘိဓမ္မာသင်ပုန်းကြီး” ဟုလည်း ခေါ်ဝေါ်ကြသည်။
ရေးသားပူဇော်သူ
ဦးအံ့ထူးနိုင်
အဘိဓမ္မာအသင်းကြီး

Saturday, July 21, 2012



Taj Mahal, Agra, India
Dr. A. Zahoor and Dr. Z. Haq
(Copyright 1990, 1997, All Rights Reserved)
Text Source: Taj Mahal, Mausoleum of Mumtaz Mahal
Taj Mahal is regarded as one of the eight wonders of the world, and some Western historians have noted that its architectural beauty has never been surpassed. The Taj is the most beautiful monument built by the Mughals, the Muslim rulers of India. Taj Mahal is built entirely of white marble. Its stunning architectural beauty is beyond adequate description, particularly at dawn and sunset. The Taj seems to glow in the light of the full moon. On a foggy morning, the visitors experience the Taj as if suspended when viewed from across the Jamuna river.
Taj Mahal was built by a Muslim, Emperor Shah Jahan (died 1666 C.E.) in the memory of his dear wife and queen Mumtaz Mahal at Agra, India. It is an "elegy in marble" or some say an expression of a "dream." Taj Mahal (meaning Crown Palace) is a Mausoleum that houses the grave of queen Mumtaz Mahal at the lower chamber. The grave of Shah Jahan was added to it later. The queen’s real name was Arjumand Banu. In the tradition of the Mughals, important ladies of the royal family were given another name at their marriage or at some other significant event in their lives, and that new name was commonly used by the public. Shah Jahan's real name was Shahab-ud-din, and he was known as Prince Khurram before ascending to the throne in 1628.
Taj Mahal was constructed over a period of twenty-two years, employing twenty thousand workers. It was completed in 1648 C.E. at a cost of 32 Million Rupees. The construction documents show that its master architect was Ustad ‘Isa, the renowned Islamic architect of his time. The documents contain names of those employed and the inventory of construction materials and their origin. Expert craftsmen from Delhi, Qannauj, Lahore, and Multan were employed. In addition, many renowned Muslim craftsmen from Baghdad, Shiraz and Bukhara worked on many specialized tasks.
The Taj stands on a raised, square platform (186 x 186 feet) with its four corners truncated, forming an unequal octagon. The architectural design uses the interlocking arabesque concept, in which each element stands on its own and perfectly integrates with the main structure. It uses the principles of self-replicating geometry and a symmetry of architectural elements.
Its central dome is fifty-eight feet in diameter and rises to a height of 213 feet. It is flanked by four subsidiary domed chambers. The four graceful, slender minarets are 162.5 feet each. The entire mausoleum (inside as well as outside) is decorated with inlaid design of flowers and calligraphy using precious gems such as agate and jasper. The main archways, chiseled with passages from the Holy Qur’an and the bold scroll work of flowery pattern, give a captivating charm to its beauty. The central domed chamber and four adjoining chambers include many walls and panels of Islamic decoration.
The mausoleum is a part of a vast complex comprising of a main gateway, an elaborate garden, a mosque (to the left), a guest house (to the right), and several other palatial buildings. The Taj is at the farthest end of this complex, with the river Jamuna behind it. The large garden contains four reflecting pools dividing it at the center. Each of these four sections is further subdivided into four sections and then each into yet another four sections. Like the Taj, the garden elements serve like Arabesque, standing on their own and also constituting the whole.

Saturday, July 14, 2012

မွန်ဝတ်စုံအကြောင်းသိကောင်းစရာ (အကျဉ်းချုပ်)
 မွန်လူမျိုးတို့သည် ကိုယ့်ထီး ကိုယ့်နန်းနှင့် မင်းဧကရာဇ်၊ စစ်သေနာပတိ၊ က၀ိဆရာ၊ မှူးကြီး မတ်ရာ၊ သူဋ္ဌေး သူကြွယ်၊ နယ်စားမြို့စား၊ ပြည်သူများ လူတန်းစား အမျိုးမျိုး ရှိခဲ့ကြသည့် အားလျော်စွာ ၀တ်စား ဆင်ယင် မှုသည်လည်း လူတန်းစားကို လိုက်၍ ၀တ်စား ဆင်ယင်ခဲ့သည်မှာ ယုံမှား ဖွယ်ရာ မရှိပါ။ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီ ပဒေသရာဇ်မင်းတို့ အုပ်စိုးသော ခေတ်နှင့် နယ်ချဲ့တို့၏ လက်အောက်သို့ ရောက်ရသော ခေတ်တွင် မွန်လူမျိုးတို့၏ စာပေယဉ် ကျေးမှုသည်လည်း လွှမ်းမိုး ဖျက်ဆီးခြင်း ခံခဲ့ရသည်။ မြန်မာပြည် လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် မွန်ဒေသမှ ယက္ကန် လုပ်ငန်း ရှင်များသည် စီးပွားရေးအမြင်ဖြင့် ပိုမိုတွင်ကျယ်စွာ ရောင်းချနိုင်သော
မြန်မာ့ အ၀တ်အထည်ကိုသာ ယက်လုပ်ကြပြီး မွန်လူမျိုးတို့၏ ၀တ်စား ဆင်ယင်မှုကို လျစ်လျူရှုခဲ့ကြသည်။ ရာမည တိုင်းသားတို့သည် လွယ်ကူစွာ ရနိုင်သော အ၀တ်အထည် များကိုသာ ၀ယ်ယူ သုံးစွဲခဲ့ကြသဖြင့် မွန်တို့၏ အ၀တ်အထည် များကို ပိုမို၍ အ၀တ်နည်းလာကြသည်။ အမျိုးသား ၀တ်စုံကို ၀တ်ဆင်ရန် လိုအပ်သည့် အခါတွင် မည်သည့် ၀တ်စုံကို ၀တ်ဆင်ရမည်ကိုပင် မဝေခွဲနိုင်သော အခြေအနေသို့ ရောက်ခဲ့လေသည်။
တက္ကသိုလ်၊ ကောလိပ်များရှိ တိုင်းရင်းသားလူမျိုးတိုင်းတွင် မိမိတို့ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီများ ရှိကြသည်။
ကော်မတီ တစ်ခုနှင့်တစ်ခု တွေ့ဆုံပွဲများ၊ စုပေါင်း ကျင်းပသော ပွဲများရှိကြသည်။ ပွဲတော်များတွင် တက္ကသိုလ် မွန်ကျောင်းသူ၊ ကျောင်းသားများသည် တခြားတိုင်းရင်းသား နည်းတူ မိမိတို့၏၀တ်စုံကို မ၀တ်ဆင်နိုင်ခဲ့ကြပေ။ ဥပမာ- 1971ခုနှစ် ရန်ကုန် တက္ကသိုလ်ပြည်ထောင်စု အလံ သယ်ယူပွဲတွင် မိမိတို့၏ ၀တ်စုံပြည့်ဖြင့် ပါဝင်မဆင်နွှဲနိုင်သော အခြေအနေသို့ ရောက်ခဲ့ရ၏။
မွန်အမျိုးသားများ၊ မွန်ရဟန်းတော်များ၊ ကျောင်းသူ ကျောင်းသားများ၊ မွန်လူငယ်များသည် မွန်ဝတ်စုံဖြစ်မြောက်လာအောင် တက္ကသိုလ်မွန်ကျောင်းသူ၊ ကျောင်းသားများသို့ စာနှင့်တစ်ဖုံ၊ လူနှင့် တစ်မျိုးတောင်း ဆိုလာကြသည်။
အမျိုးသား ၀တ်စုံ ထုတ်ဖော်ဖြစ်မြောက်ရေး ကော်မတီကို (21.8.1971) စနေနေ့တွင် ရွှေတိဂုံဘုရားလမ်း၊ မွန်ပိဋကတ်တိုက်တွင် တက္ကသိုလ်၊ ကောလိပ် ကျောင်းသူကျောင်းသားများ၊
ကျောင်းသားဟောင်းများ ဦးစီး၍ ဖွဲ့စည်းလိုက်သည်။
(21.8.1971)
ပထမအကြိမ်အစည်းအဝေးတွင် -
-
မွန်လူမျိုးတို့၏ ရှေးဟောင်း အ၀တ်အစားနှင့် ယနေ့ အ၀တ်အစားများကို အထောက်အထား ပစ္စည်းအဖြစ်အသုံးပြုရန် မွန်ဒေသစုံသို့သွားရောက်
စုဆောင်းရန်။
-
မွန်ဒေသကို ရောက်ရာတွင် တွေ့ရှိရသောပစ္စည်းများကို အကြောင်းအရာကိုသိရှိသော ပုဂ္ဂိုလ်များထံတွင် မေးမြန်းလေ့လာရန်။
-
မွန်တို့၏၀တ်စားဆင်ယင်မှုအကြောင်းကို တတ်သိပုဂ္ဂိုလ်များနှင့်ဆွေးနွေးရန်။
- (5.9.1971)
တွင် အစည်းအဝေးပြန်ခေါ်ပြီး ရရှိထားသောအချက်အလက်များကို ဆွေးနွေးရန်။
-
ရရှိထားသောအဖြေများကိုပေါင်းစပ်ပြီး မွန်ဝတ်စုံအကြမ်းသဘောရွေးချယ်သတ်မှတ်ရန်။
- (12.9.1971)
တွင် မွန်လူကြီးများ၊ လူငယ်လူလတ်၊ ရဟန်းတော်များ၊ ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသား/သူများကိုဖိတ်ခေါ်ပြီး မွန်ဝတ်စုံကို သတ်မှတ်အတည်ပြုရန်။

ကော်မတီအဖွဲ့သည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ကရင်ပြည်နယ် ကော့ဗိန်းရွာမှ ပစ္စည်း အထောက်အထား အချက်အလက်များကို ဆည်းပူးလေ့လာ ခဲ့ကြပါသည်။
ရှေးခေတ် မွန်အ၀တ်အစားများ၊ နတ်ဝတ်နတ်စား၊ ပုဝါ၊ မွန်နှစ်နံစပ်လုံချည် ထမီများ ရရှိခဲ့ကြသည်။ ကော်မတီဝင်များ လုံချည်၊ ထမီများကို သုတေသနပြုရာတွင် အနီရောင်သည် အပေါ်လွင်ဆုံး အရောင်ဖြစ်သည်ကို တွေ့ရသည်။လုံချည်တွင် အနီရောင်ခံပေါ်တွင် အဖြူရောင်အစင်းဖြင့် အကွက်များဖော်ထားခြင်းနှင့် ထမီတွင် အနီရောင်ခံပေါ်တွင် အနက်ရောင်အစင်းများဖြင့်အကွက်ဖော်
ထားသည်ကို တွေ့ရသည်။ရှေးခေတ်မွန်အမျိုးသားတို့ ရှပ်အင်္ကျီကို မ၀တ်ဆင်မီတွင် တိုက်ပုံနှင့်ဆင်သော အင်္ကျီတစ်မျိုးဝတ်ဆင် သည်ကိုတွေ့ရသည်။ တိုက်ပုံကဲ့သို့လက်ပွကျယ်၍ အဆုံးလက်ကောက်ဝတ်တွင် တိုက်ပုံမှာကဲ့သို့ လက်ခေါက်ထားခြင်းမရှိပေ။
လည်ပင်းတွင် စတစ်ကော်လာကဲ့သို့ ကော်လာတိုရှိသည်။ တခြားတိုက်ပုံများကဲ့သို့ကြယ်သီးမတပ်ရင်ဖွင့်ဝတ်ဆင်၍ မရသဖြင့် အမြဲတစေကြိုးချည်၍စေ့ထားရသည်။ ယင်းတိုက်ပုံတွင် အောက်အိပ်နှစ်လုံးသာပါသည်။
ရှေးခေတ်မွန်အမျိုးသမီးဝတ်စုံမှာ ယနေ့ခေတ်အထိ အများဆုံးအဖြူရောင်ကိုဝတ်ဆင်ကြသည်။ ရှေးခေတ်အင်္ကျီသည် ရင်ခွဲမဟုတ်ဘဲခေါင်းမှစွပ်ရ၀တ်ဆင်ရသည်။ လည်ဝိုက်ပုံသဏ္ဍာန်နှင့် (V) သဏ္ဍာန်ရှိသည်။ ကြယ်သီးနှင့်ချည်စရာကြိုးများ
မလိုချေ။ ကရင်အမျိုးသမီးများကဲ့သို့အစင်းအကြောင်းဖော်ထားခြင်းမရှိချေ။ လက်မှာလက်ရှည်ဖြစ်သည်။

(12.9.1971)
တနင်္ဂနွေနေ့ ကော်မတီအစည်းအဝေးတစ်ရပ်ကို မွန်ပိဋကတ်တိုက်တွင်ကျင်းပပြန်၏။ အစမ်းသဘောဝတ်စုံကို တက်ရောက်ကြသော ပုဂ္ဂိုလ်များလက်ခံကြ၏။ အမျိုးသားတိုက်ပုံ၏ပုံသဏ္ဍာန်ကို မကန့်ကွက်လိုသော်လည်း အရောင်
ကိုမူ ရဟန်းတော်များ မွန်လူကြီးများက ကန့်ကွက်ကြသည်။ သတ်မှတ်ထားသော အနက်ရောင်သည် မွန်တို့၏ အယူအဆအရ မင်္ဂလာမရှိသောအရောင်ဖြစ်သည်။ ရှေ့တိုက်ပုံကဲ့သို့ အဖြူရောင်တွင် အနီရောင်အစင်းဖြင့် လေးထောင့်အကွက်ကြီး
ဖော်ထားသော အစဖြင့် ချုပ်လုပ်ဝတ်ဆင်ရန် သဘောတူခဲ့ကြသည်။

အစည်းအဝေးမှသတ်မှတ်သော
မွန်အမျိုးသားဝတ်စုံမှာ >> အင်္ကျီအတွင်း ရှပ်အင်္ကျီယူပြီး အပြင်တိုက်ပံအတွက် အဖြူရောင်ပေါ်တွင် တစ်လက်မကွာ အနီတစ်ကြောင်း၊ လည်တွင် လက်မ၀က်ခန့်ဗျက်ချုပ်မည်။ လက်ကိုမခေါက်ပဲဆန့်ထားမည်။
အောက်အိပ်နှစ်လုံးပါမည်။ ကြိုးလေးကြောင်းတပ်မည်။ လျှာမပါချေ။ လုံချည်မှာ အနီရောင်ခံမည်။ အဖြူအကွက်ဖော်မည်။ အောက်ဆုံးအနားအဖြူ 1/4 လက်မထားမည်။ အနား၏အပေါ်တွင် အနီကွက်တစ်လက်မခွဲခန့် ပတ်ထားမည်။
အလယ်တွင် နှစ်နံစပ်သဘောဆောင်ရန် အောက်အနား
အဖြူအစင်းလက်မ၀က်ခန့် ပတ်ထားမည်။
မွန်အမျိုးသမီး ၀တ်စုံမှာ >> အင်္ကျီကို အဖြူရောင်၊ Vသဏ္ဍာန် လည်ဝိုက်၊ ရင်စေ့၊ ကြိုးငါးချောင်းတပ်ရန်၊ လက်ရှည်၊ အောက်အနားအနည်းငယ်ပိုရှည်ရန်၊ ထမီ မှာ အနီရောင်ခံ၊ ကြက်ခြေခတ်အနက်ကွက်၊ ရောင်စုံအစင်းပတ်(6)လက်မ၊
အနီရောင်နှင့်အဖြူရောင်ယှက်ထားသော ဗြောင် 15 လက်မအောက်ဆုံးအနား၊ အနီခံအနက်ကွက် 21လက်မ၊ ရောင်စုံအစင်း 6လက်မ၊ အနီဖြူရောင်ဗြောင် 15 လက်မ၊ စုစုပေါင်း 42 လက်မ၊ ထပ်ဆင့်။

တက်ရောက်သူအားလုံးက ၀တ်စုံအားအတည်ပြုသတ်မှတ်ပြီး အစည်းအဝေးကိုအောင်မြင်စွာရုပ်သိမ်းခဲ့သည်။
မွန်ဝတ်စုံကို (10.10.1971)တနင်္ဂနွေနေ့ ရန်ကုန်တက္ကသိုလ် မွန်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် စတင်ဝတ်ဆင်ခဲ့ကြသည်။
(12.10.1971)
ရက်နေ့ ရန်ကုန်သို့ရောက်ရှိလာသော ကမ္ဘာလှည့် ဂျပန်လူငယ်များ ကြိုဆိုတွေ့ဆုံပွဲတွင် ယင်းသတ်မှတ်ထားသော ၀တ်စုံဖြင့် မွန်ကျောင်းသူကျောင်းသားများ သွားရောက်တွေ့ဆုံခဲ့ကြသည်။
(23.10.1971)ရက်နေ့ ရန်ကုန်တက္ကသိုလ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများမိတ်ဆက်ပွဲအခမ်းအနားကို မွန်ကျောင်းသူကျောင်းသား၊ ဆရာဆရာမများ အမျိုးသားဝတ်စုံကို တင့်တယ်စွာ ၀တ်ဆင်နိုင်ခဲ့ကြ၏။ ညီရင်းအစ်ကိုများနှင့်
မိတ်ဆက်နိုင်ခဲ့ကြ၏။ 1972ခုနှစ် တက္ကသိုလ်မွန်ပြက္ခဒိန်တွင်လည်း ယင်းမွန်ဝတ်စုံဖြင့် ၀တ်ဆင်ထားသော မွန်ကျောင်းသူကျောင်းသားများ၏ ပုံကိုထည့်သွင်းခဲ့ကြသည်။
အထက်ဖော်ပြပါကြိုးပမ်း အားထုတ်မှုတို့သည် ရေရှည်ခိုင်မာသော ၀တ်စုံမရှိသည့် မွန်လူမျိုးများအတွက် ၀တ်စုံတစ်စုံ မားမား မတ်မတ်ပေါ်ထွက်လာခဲ့ပါသည်။ မွန်လူမျိုးထု တစ်ရပ်လုံးသည်လည်း တာဝန်သိသိနှင့် မွန်အမျိုးသားဝတ်စုံကို ကျယ်ပြန့်စွာ ၀တ်ဆင်လာရန်ဆောင်ရွက်ခြင်း၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့သည် မွန်လူမျိုးများအတွက် မည်မျှတန်ဘိုးရှိသည်။ အကျိုးရှိသည်ကို နားလည် သဘောပေါက်ရန် အထူးလိုအပ်လှပါသည်။ ထို့ကြောင့် မွန်အမျိုးသား၊ အမျိုးသမီးများသည် မိမိတို့၏ အမျိုးဘာသာ သာသနာနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဘိုးထားကြပါ။ မြတ်နိုးကြပါ။ ခင်တွယ်ကြပါ။ ၀တ်ဆင်ကြပါလို့ တိုက်တွန်းအားပေးစကား ပြောကြားလိုက်ရပါသည်။

ဗညားအောင်မိုး (ဆေးတက္ကသိုလ်) တက္ကသိုလ်မွန်မဂ္ဂဇင်း
ဆောင်းပါး မှ ကောက်နုတ်တင်ပြပါသည်။